mdn

လှိုင်းဘွဲ ဇူလိုင် ၁၂

 

ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အနံ့မရရှိသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသရာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit စစ်ဆေးရာ Covid-19 ရောဂါပိုး အတည်ပြုလူနာ (၁၅)ဦး ထပ်မံတွေ့ရှိကြောင်း ဇူလိုင် ၁၁ ရက်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ သိရသည်။

 

အဆိုပါအတည်ပြုလူနာ (၁၅)ဦးမှာ လှိုင်းဘွဲမြို့(က)ရပ်ကွက်မှ (၂)ဦး၊ ()ရပ်ကွက်မှ (၃)ဦး၊ ()ရပ်ကွက်မှ (၄)ဦး၊ ကပ္ပလီကျေးရွာမှ (၁)ဦး၊ မြိုင်ကြီးငူအထူးဒေသ အင်ကြင်းမြိုင်နေ (၁)ဦး၊ ပိုင်ကျုံမြို့ နောင်ဘိုကြီးကျေးရွာနေ (၄)ဦး စုစုပေါင်း (၁၅)ဦးတို့သည် Covid-19 ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေး၍ Covid-19 ရောဂါပိုးတွေ့ရှိကြောင်း၊ အဆိုပါ အတည်ပြုလူနာ (၁၅)ဦးနှင့် ထိတွေ့ခဲ့သူများကိုလည်း အသွားအလာကန့်သတ်မှုများ ဆောင်ရွက်ထားရှိကာ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

မြိို့နယ်(ပြန်/ဆက်)