လေရှီး ဇူလိုင် ၁၂
စစ်ကိုင်းတိုင်းဒေသကြီးနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလေရှီးမြို့တွင် Covid-19 ရောဂါ ကူးစက် ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်တားဆီးရေးအနေဖြင့် အသိပညာပေး လက်ကမ်း စာစောင်များကို ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်၍ Covid-19 ရောဂါအရေးပေါ်တုံ့ပြန်ရေးကော်မတီတို့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးရှေ့ လမ်းဆုံ၌ လမ်းသွားလမ်းလာပြည်သူများအား ကျန်းမာရေးအသိပညာ ပေးဝေပေးခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ရာ၌ (Mask) နှာခေါင်းစည်း မတပ်ဆင်ဘဲ အပြင် ထွက်လာသူ လမ်းသွားလမ်းလာပြည်သူများအား(Mask) နှာခေါင်းစည်းများကို အခမဲ့ပေးဝေခြင်း၊ Hand speaker ဖြင့်နှိုးဆော်ခြင်းများ ပြုလုပ်ခဲ့ရာ လက်ကမ်းစာစောင်များကို ဇူလိုင် ၁၂ ရက်မှ ၁၆ ရက်အထိ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆိုင်းသား(ပြန်/ဆက်)


