mdn

ပေါက်ခေါင်း   ၁၂  ဇူလိုင်  

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်‌ခေါင်းမြို့နယ်တွင် ဇူလိုင် ၂ ရက်မှ ဇူလိုင် ၁၂ ရက် နံနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ  ၁၃၁ ဦး တွေ့ရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်၊၊

အဆိုပါ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများတွင် ပိုးတွေ့လူနာ(၁၃၁)ဦး၊ ကုသမှုခံယူနေသူ (၁၃၁)ဦး၊ ဆေးရုံဆင်းသူ(၁)ဦးနှင့် သေဆုံးသူမရှိကြောင်း သိရသည်၊၊

ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိသူများရှိသဖြင့် ရောဂါကာကွယ် ထိန်းချုပ်ခြင်း ကုသခြင်းလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်စေနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင် ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်