မော်လိုက် ၁၂ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်ရှိ ပြည်သူ့အားကစားကွင်း ဘောလုံးကွင်းအား မြေပြင်ခြင်း၊ ရေစိမ့်မြောင်းပြုလုပ်ခြင်း၊ မြက်စိုက်ခြင်းနှင့် ရေသန့်လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေမှုတို့ကို ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ “ဘောလုံးအားကစားကွင်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို အားကစားနှင့် ကာယပညာဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေ ကျပ်(၈၉၇)သိန်း ဖြင့် တင်ဒါအောင်မြင်သည့် TDA Construction ကုမ္ပဏီမှတာဝန်ယူ၍ ဖေဖော်ဝါရီလ ပထမပတ်မှ စတင်ကာ ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ အပြီးသတ်လုပ်ငန်းအနေဖြင့် မြက်စိုက်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများပြီးစီးသွားပါက ပုံမှန်ပွဲစဉ်များကို အရန်ကွင်းတွင်သာ ကစားခွင့်ပြုသွားမည် ဖြစ်ပြီး ရှုံးထွက်ပွဲစဉ်များ၊ ဗိုလ်လုပွဲ ပွဲစဉ်များနှင့် ခရိုင်အဆင့်ပွဲများကို အဆင့်မြှင့်တင်ပြီးကွင်းတွင် ကစားခွင့် ပြုသွားမည်ဖြစ်ကြောင်း” ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်မျိုးမြင့် ထံမှသိရသည်။
မော်လိုက်သားလေး