နတ်တလင်း ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဇူလိုင်(၁၂)ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၉၈)ဦး တွေ့ရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများတွင် ပိုးတွေ့လူနာ (၉၈)ဦး၊ ကုသမှုခံယူနေသူ (၈၇)ဦးနှင့် ယနေ့သေဆုံးသူ ရွာသာကုန်းကျေးရွာ (၁)ဦးရှိကြောင်း သိရသည်။
နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိသူများရှိသဖြင့် ရောဂါကာကွယ်ထိန်းချုပ်ခြင်း၊ ကုသခြင်းလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ပရဟိတအဖွဲ့များ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထားထားဦး


