း
မံစီ ၁၂ ဇူလိုင်
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ဟန်ထက်ကျေးရွာနေ ဦးထွန်းထွန်းနှင့် ဒေါ်ဝေဝေ မိသားစု သိရောမဏိကျောက်မျက်ရတနာကုမ္ပဏီနှင့် မဟာရွှေဇဗ္ဗူကုမ္ပဏီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းအတွက် ငွေကျပ် ၁၈၇၅၀၄၀၀ တန်ဖိုးရှိ အထောက်အကူပြု ပစ္စည်းများကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေး ကော်မတီသို့ ဇူလိုင် ၁၂ ရက် နံနက် ၁၀ နာရီက လှူဒါန်းခဲ့ကြောင်းသိရသည်။
လှူဒါန်းလွှဲပြာင်းပေးအပ်မှုတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန် ရေး ကော်မတီဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်မောင်က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားပြီး နောက် အလှူရှင် မိသားစုက ပစ္စည်းလှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ က အလှူရှင်မိသားစုမှ လွှဲပြောင်းပေးအပ်ခဲ့သည့် (Swab Test ဘူး ၄၀ တန်ဖိုး ငွေကျပ် ၁၅၀၀၀၀၀၀၊ Oximeter ၁၅ ခု တန်ဖိုး ၄၆၅၀၀၀ကျပ်၊ Digital Thermometer ၁၅ ခု တန်ဖိုးငွေကျပ် ၂၄၀၀၀၀၊ Mask ဘူး ၁၀၀ တန်ဖိုးငွေကျပ် ၂၈၀၀၀၀ ကျပ်၊ PPE အစုံ၃၀ တန်ဖိုးငွေကျပ် ၄၂၀၀၀၀၊ Formula Antibacterial Sanitizer Spary ၁၀ ဖာ တန်ဖိုးငွေကျပ် ၁၈၀၀၀၀၀ ၊ ဓါတ်ခဲ အလုံး ၆၀ တန်ဖိုးငွေကျပ် ၄၅၄၀၀ ၊ Transoptation Charges လေယာဥ်ဖြင့်ပစ္စည်းအားလုံးသယ်ယူစရိတ်တန်ဖိုးငွေကျပ် ၅၀၀၀၀၀ ) စသည်ဖြင့် ငွေကျပ် (၁၈၇၅၀၄၀၀)ကျပ်တန်ဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်း အထောက် အကူပြု ပစ္စည်းများကို လက်ခံကာ မြို့နယ်အတွင်းရှိသက်ဆိုင်ရာ ဌာနအသီးသီးသို့လွှဲပြောင်း ပေးအပ်ခဲ့ ပြီး အလှူရှင်မိသားစုထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)


