နတ်မောက် ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ ၁၆၃ ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက လာရောက်စစ်ဆေးသူ ၅၅ ဦးအနက် နတ်မောက်မြို့နယ် စမ်းကန်ကျေးရွာမှ သံဃာတော် (၁)ပါး၊ လဲဘူးကျေးရွာမှ သံဃာတော် (၂)ပါး၊ အောင်ဆန်းရပ်ကွက်မှ (၃)ဦး၊ အင်းကန်ကျေးရွာမှ (၁)ဦး၊ ဈေးရပ်ကွက်မှ (၂)ဦး၊ တံခွန်တိုင်ကျေးရွာမှ (၁)ဦး၊ မြို့မရပ်ကွက်မှ (၁)ဦး၊ ဖျောက်ဆိပ်ပင်ကျောင်းတိုက်မှ သံဃာတော် (၉)ပါးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး (Positive) တွေ့ရှိခဲ့သည်။ 

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ယနေ့အထိ ၁၆၃ ဦးရှိပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ ၂၆ ဦးအား မိမိနေအိမ်၌ (Home Quarantine) (၇)ရက် နေထိုင်ရမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မှာကြားခဲ့ကြောင်း သိရသည်။ ကျန်ရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများအား မြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့် Covid Centre (2)တို့တွင် ထားရှိကြောင်း သိရသည်။

သင်းသင်းဝေ (နတ်မောက်)