မြို့သစ်       ဇူလိုင်         ၁၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ သိပ္ပံနည်းကျ ကောက်စိုက်စက်ဖြင့် မိုး စပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉နာရီက ယင်းနားကုန်းကျေးရွာရှိ စိုက်ကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းသရုပ်ပြပွဲသို့ အမှတ်(၇၁)စက်မှုလယ်ယာဦးစီးဌာနမှူး ဦးအောင်မိုးသူနှင့်မြို့နယ် အတွင်းရှိ ကျေးရွာနေတောင်သူဦးကြီးများ တက်ရောက်၍ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦး စီးအရာရှိ ဦးဇော်လင်းက ကောက်စိုက်စက်ဖြင့်စိုက်ပျိုးရန် ပျိုးဗန်းပျိုးထောင်ထားရှိပုံ၊ ကောက်စိုက်စက်ဖြင့် မျိုးကောင်းမျိုးသန့်မျိုးစေ့ ထုတ်လုပ်ပုံအဆင့်ဆင့်ကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး တက်ရောက်လာသောတောင်သူများမှ သိရှိလိုသည်များကိုမေးမြန်း၍ တာဝန်ရှိသူများကပြန် လည်ဖြေကြားခဲ့သည်။

မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိဒေသခံတောင်သူများ  မိုးသီးနှံ စိုက်ပျိုးရာသီတွင်  သီးနှံအထွက်နှုန်းတိုးပွားရေးအတွက် လိုအပ်သော စိုက်ပျိုးရေး နည်းစနစ်များ၊ သွင်းအားစုပစ္စည်းများ ထောက်ပံ့ကူညီခြင်း၊  ပိုးမွှားရောဂါကြိုတင် ကာကွယ်ရေး ဆောင်ရွက်ရန်နည်းလမ်းများ အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကွင်းတာဝန်ခံများက နယ်မြေကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

အမှတ်(၇၁)စက်မှုလယ်ယာဦးစီးဌာနမှူး ဦးအောင်မိုးသူကလည်း ကောက်စိုက်စက်ဖြင့် အသုံးပြုပုံ အသုံးဝင်ပုံနှင့် အလုပ်သမားရှားပါမှုများအတွက် များစွာအထောက်အကူပြုပေးနိုင်ကြောင်း နှင့်  ကောက်စိုက်စက်ဖြင့်  စိုက်ပျိုးခြင်းများအပေါ်  သိရှိလိုသည်များအား  ပြန်လည် ရှင်းလင်းပေးကြောင်းသိရသည်။

ကိုဇော် (မြို့သစ်)

mdn