mdn

လားရှိုး      ၁၃                               ဇူလိုင်

 

လားရှိုးမြို့ ကိုဗစ်-၁၉ အတည်ပြုလူနာများကို လားရှိုးပြည်သူ့ဆေးရုံကြီး စောင့်ကြည့်ကုသရေး ဆောင်၊ ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံခန်းမ၊ ပညာရေးကောလိပ်စောင့်ကြည့်ဆောင်နှင့် မိုးကုတ် ဝိပသနာစခန်းတို့တွင် စောင့်ကြည့်ကုသလျက်ရှိသည်။

 

အဆိုပါအတည်ပြုပိုးတွေ့လူနာများကိုကူညီဆောင်ရွက်ပေးလျက်ရှိသောဌာနဆိုင်ရာများနှင့်ပရဟိတ အသင်းအဖွဲ့များအတွက် ယနေ့ နံနက် ၁၀ အချိန်က ဦးသက်ခိုင်+ဒေါ်ရွှေရည် (Blue Sky) မိသားစုက PPE ဝတ်စုံ တစ်စုံလျှင်တစ်သောင်းကျပ်နှုန်းဖြင့် PPE ဝတ်စုံ(၂၀၀)ကို လာရောက်လှူဒါန်းခဲ့ရာ ခရိုင်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီက လက်ခံရယူခဲ့သည်။

 

ထို့နောက် အဆိုပါ  PPE ဝတ်စုံများကို ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက် ရှိသောပရဟိတအဖွဲ့အများသို့ခွဲဝေပေးသွားမည်ဖြစ်ကြောင်း ခရိုင်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီအဖွဲ့မှသိရသည်။

 

ခရိုင်ပြန်/ဆက်