မုဒုံ  ဇူလိုင် ၁၃

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင် ကာကွယ်တားဆီးနိုင်ရေအတွက် ပြည်သူများ အပြင်သွားလာရာတွင် ပါးစပ်နှာခေါင်းစည်း  မဖြစ်မနေ တပ်ဆင်သွားလာရေး Mask Campaign  ပြုလုပ်ခြင်းကို ယနေ့ နံနက် ၈ နာရီမှစ၍ ရပ်ကွက်/ကျေးရွာအတွင်းရှိစျေးများ၊ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီးရှိ လမ်းဆုံလမ်းခွနေရာများတို့တွင် ပြုလုပ်ခဲ့သည်။ 

အဆိုပါ ပါးစပ်နှာခေါင်းစည်း Mask Campaign  ပြုလုပ်ဆောင်ရွက်ခြင်းကို မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်  လူမှုရေးအသင်း အဖွဲ့များတို့က ပူးပေါင်း၍ အပြင်သွားလာကြသည့် ဒေသခံပြည်သူများနှင့်  ခရီးသွားပြည်သူများကို မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက် ပြန့်ပွားမှု ကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ကြိုတင်ကာကွယ်ရေး ဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း စနစ်တကျ နေထိုင်သွားလာကြရန်၊ ကိုဗစ် - ၁၉ ရောဂါလက္ခဏာ သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ပြီး စစ်ဆေးမှုခံယူကြရန်၊ ဇူလိုင်လ(၁၇) ရက်နေ့မှစ၍ မြို့နယ်အတွင်း အပြင်သွားလာသည့် ပြည်သူများ နှာခေါင်းစည်းတပ်ဆင်ထားမှုမရှိပါ ဒဏ်ငွေရိုက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း စသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရန်အချက်များကို အသိပညာ ပေးဆွေးနွေး ပြောကြားပြီးနှာခေါင်းစည်း Mask အခုရေ ၂၀၀၀၀ အား ဒေသခံပြည်သူများနှင့်စျေးရောင်း စျေးဝယ်ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)

mdn