ဝမ်းတွင်း ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်း (Covid-19) ရောဂါ ကာကွယ်တားဆီးရန် ဝမ်းတွင်းမြို့နယ်အတွင်း ကျေးရွာအချို့နှင့် ဝမ်းတွင်းမြို့ပေါ် (၆)ရပ်ကွက်အား (Local Semi Lockdown)အဖြစ်သတ်မှတ်ကြောင်းကို ဇူလိုင်လ(၁၂)ရက်နေ့ကမြို့နယ်(Covid-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှသိရသည်၊
ဝမ်းတွင်းမြို့နယ်အတွင်း Covid-19 ရောဂါကာကွယ်တားဆီးရန်အတွက် မြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူများလိုက်နာရန် စည်းကမ်းချက်များအနေဖြင့် (၁)မိမိအိမ်တွင်သာ နေထိုင်ကြရန်၊(အစိုးရဌာန၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ရေသန့်လုပ်ငန်းများမပါ)။ (၂)ဈေးဝယ်ရန် အပြင်ထွက်ရန် ရှိပါက တစ်အိမ်ထောင်တစ်ယောက်နှုန်းသာ နေအိမ်ပြင်ပသို့ သွားလာခွင့်ရှိမည်ဖြစ် ပြီး မွန်းလွဲ(၁) နာရီမှစ၍ နေအိမ်ပြင်ပသို့ (လုံးဝ) မထွက်ခွာကြရန်၊ (၃)မွန်းလွဲ(၁)နာရီစ၍ ဆေးဆိုင်များမှအပ မည်သည့်ဈေးဆိုင်မှ ရောင်းချခြင်းမပြုကြရန်။ (၄)ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးထံမှ ထုတ်ယူထားသောနေအိမ် ပြင်ပသို့ထွက်ခွာခွင့် ကတ်ပြားပါရှိမှသာဈေးဝယ်ခြင်း၊ အိမ်အပြင် ထွက်ခြင်းများ ပြုလုပ်ရမည်ဖြစ်ပြီး Maskများ စနစ်တကျတပ်ဆင်အသုံးပြုကြရန်။ (၅)အခြားမြို့နယ် များသို့ လုပ်ငန်းကိစ္စဖြင့် သွားရောက်လိုပါက ဝင်/ထွက်ခွင့်ကတ်ပြားများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့သို့ အထောက် အထားစုံလင်စွာဖြင့် လျှောက်ထားရမည်။ (၆)ဆေးရုံး/ဆေးခန်းသွားရောက်ရန် လိုအပ်ပါကရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြား၍ ယာဉ်မောင်းအပါအဝင်(၃)ဦးသာ သွားရောက်ခွင့်ပြုရန် အချက်များပါဝင်ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်း ကျေးရွာအချို့နှင့် ဝမ်းတွင်းမြို့ပေါ်(၆)ရပ် ကွက်အား (Local Semi Lockdown)အဖြစ် သတ်မှတ်ခြင်းကို ဇူလိုင်လ ၁၄ ရက် နံနက် ၅ နာရီမှ စတင်၍ ဇူလိုင်လ ၂၈ ရက် (၂၄)နာရီထိ(၁၄)ရက်တာ သတ်မှတ်ထားရှိပြီး လိုက်နာမှုမရှိသူများအား ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် ကူးစက်ရောဂါပြန့်ပွားမှု မရှိစေရေးပြည်သူများအနေဖြင့် အလေးထားပူးပေါင်းကာကွယ်ပေးကြရန် နှိုးဆော်ထားကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်


