နတ်မောက်  ဇူလိုင်       ၁၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား (Home Garden) စိုက်ပျိုးရန်အတွက် မျိုးစေ့များ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။    

ထိုသို့ထောက်ပံ့ပေးရာတွင် မြို့မရပ်ကွက်၊ တမာပင်ရပ်ကွက်၊ အင်းကုန်းကျေးရွာ၊ ဘုန်းတော်ပြည့် ကျေးရွာ၊ န-ကျားထူးကျေးရွာ၊ တောင်ထောင့်ကျေးရွာ၊ ပ-လက္ခုပ္ပင်ကျေးရွာ၊ ပ-ဂွေးချိုကျေးရွာ၊ ရွှေပန်းတောကျေးရွာ၊ အလယ်ရွာ၊ ညောင်ကျပ္ပင်ကျေးရွာ ၊ တဲကြီးကျေးရွာ၊ ဝါးရုံကုန်းကျေးရွာ၊ လင်းကတိုးကျေးရွာများရှိ တောင်သူ (၅၃) ဦးတို့အား ဘူး၊ သခွား၊ ရုံးပတီ၊ ချဉ်ပေါင်၊ ကြက်ဟင်းခါး၊ ပဲတိုင်ထောင်၊ ကျောက်ဖရုံ၊ ခရမ်း၊ ငရုတ်၊ ခရမ်းချဉ်၊ ပြောင်းချိုနှင့် ကန်ဇွန်းမျိုးစေ့များ ထောက်ပံ့ပေးခဲ့သည်။         

နတ်မောက်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများ သန့်ရှင်းလတ်ဆတ်၍ အဟာရပြည့်ဝသော  ဟင်းသီးဟင်းရွက်များကို အလွယ်တကူ စားသုံးနိုင်ပြီး အိမ်သုံးစရိတ်လျော့ချနိုင်ရုံသာမက တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရေး (Home Garden) စိုက်ခင်းများအတွက် မျိုးစေ့များထောက်ပံ့ ပေးရတာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးထံက သိရသည်။ 

သင်းသင်းမြတ် (နတ်မောက်)