မတ္တရာ ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး ခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအောင်ဗိုလ်ဗိုလ်မှ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ရှိပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်သောကျေးရွာများ ပေါ်ထွက်လာစေရန်နှင့် ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကိုဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဖွင့်ပွဲ အခမ်းအနားအပြီးတွင် ဦးလှိုင်မင်းထွန်း(ဦးစီးအရာရှိ)မှ သင်တန်းသားများအား အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး (Green Growth) သင်ခန်းစာများ၊ ခေါင်းဆောင်မှုနှင့် အမှိုက်စွန့်ပစ်စီမံကိန်း အကြောင်းအရာများကို ရှင်းလင်းပို့ချခဲ့သည်။
အဆိုပါ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းသို့ ကျေးရွာ(၂၀)မှ တစ်ရွာ လျင် သင်တန်းသား ၇ ဦးဖြင့် စုစုပေါင်း ၁၄၀ဦးအား ကျန်းမာရေးလမ်းညွှန်ချက်များကို အညီ အသုတ်ခွဲ၍ ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)


