နွားထိုးကြီး  ဇူလိုင်     ၁၃  

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်တွင် မိုးရွာသွန်းမှုနည်းပါးမှုကြောင့် ယခုနှစ် စိုက်ပျိုးရေး ရာသီတွင် ဆည်ရေကန်ရေမှ ရေပေးနိုင်မည်မဟုတ်ကြောင်း မြို့နယ်ဆည်ရေကန် ရေအသုံးချရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မြင့်သိန်းထံမှ သိရသည်။

နှစ်စဉ် ဆည်ရေကန်ရေဖြင့် စပါး၊ ဝါ၊ နှမ်းများစိုက်ပျိုးသော စီမံကိန်းများ ရေကြောင့် ယခုနှစ် မစိုက်နိုင်တော့ဟု သိရသည်။

နွားထိုးကြီးမြို့နယ်ရှိ ပြောင်းပြာဆည်၊ ခက်လန်းဆည်၊ ဇီးတောဆည်၊ မြိုင်သာဆည်၊ ကန်နား ကန်ကြီးတို့မှာ ယခုနှစ်တွင် မိုးရာသီရေဝင်မှုနည်းပါးကြသည်။ ထိုဆည်ကန်များမှ နှစ်စဉ် ဧက သောင်းကျော် စိုက်ပျိုးထုတ်လုပ်နိုင်သည်။

ဌေးမြင့်မောင်