ပင်လောင်း   ဇူလိုင်      ၁၃ 

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ပညာရေးဝန်ထမ်း ဆရာဆရာမ ၂၀၀ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ဆေးကို ယနေ့ နံနက်ပိုင်းက ထပ်မံထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပညာရေးဌာနမှ ဆရာ ဆရာမများက ကာကွယ်ဆေး ထိုးနှံမည့်သူများအား စာရင်းကောက်ယူရေးသွင်းခြင်း၊ ဆေးထိုးမှတ်တမ်း လက်မှတ်ထုတ်ပေးခြင်း၊ မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံမည့်သူများအား ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မတ်လ (၁၀)ရက်နေ့တွင် စတင်ဆေးထိုးနှံပေးပြီး ပင်လောင်း မြို့နယ်အတွင်းရှိ သံဃာတော်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူလူထုများအား ပင်လောင်းမြို့၊ နောင်တရားမြို့နှင့် ပေါင်းလောင်းမြို့တို့ရှိ စုစုပေါင်း ၅၈၄၄ ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်

mdn