မြင်းခြံ ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အပါအဝင် မြင်းခြံခရိုင် (၄)မြို့နယ်ဖြစ်သော မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်နှင့် ကျေးရွာအများအပြား လျှပ်စစ်မီးပြတ်တောက်ချိန် ကြာမြင့်မည် ဖြစ်ကြောင်း မြင်းခြံခရိုင်လျှပ်စစ်ထံမှ သိရသည်။
ဇူလိုင်(၁၁)ရက်မှစ၍ မြင်းခြံ သာစည် (၁၃၂)ကေဗွီ ဓာတ်အားလိုင်းနှင့် စွန်းလွန်းခွဲရုံ(မြင်းခြံ) CT ချွတ်ယွင်းမှုကြောင့် မီးအားမနိုင်ဘဲ ၇၅ ရာခိုင်နှုန်း 54MV ထက်ကျော်လွန်နေ၍ ယခင်ကထက် တစ်ဝက် လျှော့သုံးစွဲမည်ဖြစ်ကြောင်း မြင်းခြံခရိုင်လျှပ်စစ်ထံမှ သိရသည်။
ထို့ကြောင့် လျှပ်စစ်မီးသုံးစွဲမှုမှာ ယခင် တစ်မြို့နယ် (၂)နာရီကြာပြတ်တောက်သည်ထက် မီးပျက်ချိန် ပိုမိုကြာနိုင်ကြောင်း မြင်းခြံခရိုင်ကျေးရွာအများအပြား မီးပျက်ချိန်များလာမည်ဖြစ်ကြောင်း သိရသည်။
ဌေးမြင့်မောင်


