ဥတ္တရသီရိ    ဇူလိုင်            ၁၃ 

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီး ဌာနမှကြီးမှူး၍ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုသင်တန်းကို ယနေ့ နံနက်ပိုင်းက တောင်ညိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ဖွင့်လှစ်ပို့ချခဲ့သည်။

ရှေးဦးစွာ ဥတ္တရသီရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းအိဖြိုးကအစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျေးလက်သောက်သုံးရေရရှိရေးလုပ်ငန်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ကျေးရွာစီမံကိန်းဝင်ကျေးရွာများတွင် ဆောင်ရွက်ရန်လျာထားကြောင်းနှင့် ယခုသင်တန်းတွင် အဆိုပါကျေးရွာများ၌ စီမံကိန်းဆိုင်ရာအချက်အလက်များ ကောက်ယူနိုင်ရေး လုပ်ငန်းစဉ်များ ပါဝင်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သင်တန်းပို့ချမည့်သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အဆိုပါ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ခေါင်းဆောင်မှု သင်တန်းကို တောင်ညို၊ ကြီးပွား၊ မင်းနောင်၊ ပြည်တော်လင်းနှင့် သက်မွေးစု ကျေးရွာများမှ သင်တန်းသား၊သင်တန်းသူ (၁၆)ဦးကို သင်တန်း နည်းပြ (၂)ဦးက သင်ကြားပို့ချပေးလျက်ရှိပြီး ဥတ္တရသီရိမြို့နယ်အတွင်းရှိကျေးရွာ(၁၃)ရွာတွင်လည်း ဆက်လက် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)