ငဖဲ ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်သည် အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ အတွင်းရေးမှူး ဦးဝင်းရှိန်၊ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်သိန်းတို့ ပါဝင်သော အဖွဲ့နှင့်အတူ ဇူလိုင်လ ၁၃ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာအုပ်စု မင်းဘူး-အမ်းလမ်း မိုင်တိုင်အမှတ် (၃၈/၀)ရှိ ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးရေးဂိတ်နှင့် ပျဉ်းဝကုန်စည်လွှဲပြောင်းရေးစခန်းရှိ လေလံရောင်းချမည့် အဆောက်အဦအခြေအနေများအား လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့လာရောက်ကြည့်ရှု စစ်ဆေးမှုတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိန်းလှိုင်၊ အဖွဲ့ဝင်-၁ ဗိုလ်မှူးသက်နိုင်စိုး၊ အဖွဲ့ဝင်-၂ ဦးတင်မောင်အေး၊ အဖွဲ့ဝင်-၃ ဦးကျော်ဝင်း၊ အတွင်းရေးမှူး ရဲမှူးစိန်သောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းဦးနှင့် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ယုယုသိန်းတို့မှ ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား လိုက်လံရှင်းလင်းတင်ပြကြရာ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်က ခရီးသွားပြည်သူများကို စိတ်အနှောင့်အယှက် မဖြစ်အောင် စနစ်တကျစစ်ဆေးပေးရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ညီညီညွတ်ညွတ်ပူးပေါင်းပြီး လုပ်ကိုင်ပေးကြရန်၊ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို စုပေါင်းဂိတ်အထက်မှာ ပြောင်းရွှေ့ဖွင့်လှစ်ပေးရန်၊ ကျန်းမာရေးဝန်ထမ်း အခက်အခဲရှိပါက တာဝန်ချိန်ပြီးဆုံးပါက ဆက်လက်၍ ကျန်းမာရေးစစ်ဆေးပေးနိုင်ရန် Volunteer များကို လေ့ကျင့်သင်ကြားပေးရန်၊ ပျဉ်းဝကုန်စည်လွှဲပြောင်းရေးစခန်းရှိ ဂိတ်အဆောက်အအုံဟောင်းများကို မြို့နယ်အတွင်းရှိ လိုအပ်သောနေရာများတွင် အကျိုးရှိစွာ အသုံးချနိုင်ရေး ဆောင်ရွက်ပေးရန်တို့ကို ဆွေးနွေးမှာကြားခဲ့သည်။
    
မယု(ငဖဲ)

mdn