မော်လမြိုင် ဇူလိုင် ၁၄
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများသည် ဇူလိုင် ၁၃ ရက် မွန်းလွဲ ၂ နာရီက မော်လမြိုင်တက္ကသိုလ်ရှိ CBFQ ထားရှိရာနေရာများသို့လည်းကောင်း၊ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာများ ထားရှိကုသပေးသည့် မော်လမြိုင် မြို့နယ်အတွင်း Isolation Ward-1 နှင့် Isolation Ward-3 သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
စစ်ဆေးရာတွင် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မွန်ပြည်နယ်တွင် ပိုးတွေ့လူနာများ ထားရှိကုသပေးနေသည့် နေရာများအတွက် လိုအပ်သည့်အောက်ဆီဂျင်ဘူးများ လုံလောက်မှုရှိရေး၊ ပါးစပ်၊ နှာခေါင်းစည်းများ၊ PPE ဝတ်စုံများအပြင် အခြားလိုအပ်သည့် ကာကွယ်ရေးသုံးပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တပ်မတော်ဆေးဘက်ဆိုင်ရာ သမားတော်များ၊ ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များကလည်း ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း လမ်းညွှန်မှာကြားသည်။
မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများအတွက် တပ်မတော်ဆေးဘက်ဆိုင်ရာ သမားတော်များ၊ ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များက CBFQ ထားရှိရာနေရာများ၊ ပိုးတွေ့အတည်ပြုလူနာ ထားရှိကုသပေးမည့် နေရာများကိုလည်း ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


