လားရှိုး ဇူလိုင် ၁၄
လားရှိုးမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ စေတနာရှင်များမှပူးပေါင်း၍ နေ့စဉ်အချိန်နှင့် တစ်ပြေးညီဆောင်ရွက်လျက်ရှိသည်။
လားရှိုးမြို့ပေါ်ရှိ ပိုးတွေ့လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးကုသမှုများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ပရဟိတအဖွဲ့များ၏ PPE ဝတ်စုံလိုအပ်ချက်များကို ခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီမှ အလှူရှင်များက လှူဒါန်းထားသော PPE ဝတ်စုံများကို ပြန်လည်ခွဲဝေပေးခြင်းကို ဇူလိုင်(၁၃)ရက်နေ့က မိုးကုတ်ဝိပဿနာ စောင့်ကြည့်ကုသရေးစင်တာရှေ့တွင် ပြုလုပ်ခဲ့သည်။
ထိုသို့လိုအပ်လျက်ရှိသော PPE ဝတ်စုံများကို ခရိုင်ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များက Freedom လူမှုကူညီရေးအသင်းသို့ PPE ဝတ်စုံ(၅၀)အားလည်းကောင်း၊ Operation လူမှုကူညီရေးအသင်းသို့ PPE ဝတ်စုံ(၅၀)အားလည်းကောင်း၊ ပရဟိတကွန်ယက် လူမှုကူညီရေး အသင်းသို့ PPE ဝတ်စုံ(၅၀)အားလည်းကောင်း စုစုပေါင်း PPE ဝတ်စုံ(၁၅၀)ကိုဖြန့်ဝေပေးအပ်ခဲ့ရာ သက်ဆိုင်ရာ လူမှုကူညီရေးအသင်းတာဝန်ခံများက လက်ခံရယူခဲ့ပြီး လူမှုကူညီရေးအသင်းများတွင် သုံးစွဲနေ သော ယာဉ်များ၏ စက်သုံးဆီလိုအပ်ချက်များကိုလည်း ပံ့ပိုးပေးခဲ့ကြောင်းသိရသည်။
ခရိုင် ပြန်/ဆက်


