ကမမောင်း   ဇူလိုင် ၁၄

ကရင်ပြည်နယ်၊ ဝါးဘိုးတော - ကမမောင်းကား လမ်းဘေးရှိ ကျေးရွာများနှင့် ကမမောင်းမြို့ရှိ ကျေးရွာများမှ မိုးစပါးစိုက်ပျိုးရန်အတွက် ပြီးခဲ့သည့်ဇွန်လကုန်ပိုင်းက မိုးပုံမှန်ရွာသွန်းခဲ့သဖြင့် မျိုးစပါးများကို ပျိုးထောင်ထားခဲ့ကြကြောင်း သိရသည်။

မိုးစပါးပျိုးပင်များကို လယ်ယာမြေတွင်စိုက်ပျိုးရမည့် အချိန်ဖြစ်သော်လည်း မိုးရွာသွန်းမှုနည်းပါးနေပြီး ရက်သတ္တပတ် တစ်ပတ်ခန့် နေ့အပူချိန်မြင့်ခဲ့သဖြင့် ပျိုးထောင်ထားသော ပျိုးခင်းနှင့်လယ်မြေများတွင် ရေများမရှိတော့ကြောင်း၊ မိုးစပါး စိုက်တောင်သူများက သံလွင်မြစ်ရေကိုရေစုပ်စက်များဖြင့် စုပ်တင်၍ စပါးပျိုးပင်များကို လယ်မြေတွင် စိုက်ပျိုးနေကြကြောင်း သိရသည်။

လင်းသန့် (ပြန် / ဆက်)