ဟုမ္မလင်း ဇူလိူင် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်တွင် ဇူလိူင် ၁၃ရက် ည၉နာရီခွဲကစ၍ မိုးအဆက်မပြတ် ရွာသွန်းမူကြောင့် နေအိမ်တစ်လုံး ပျက်စီးသွားကြောင်း သိရသည်။
ယင်းနေ့ည ၉နာရီခွဲမှ ဇူလိုင်လ ၁၄ရက် နံနက်၁၀နာရီအထိ မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့်ဥရုမြစ်မှ ရေကြီးရေလျံဖြစ်ပေါ်ခဲ့ရာ မြစ်ကမ်းဘေးရှိကျေးရွာများအနက် မိုင်ကိုင်အုပ်စု အောက်တောင်ပေါ်ကျေးရွာသို့ ရေများဝင်ရောက်ကာ နေအိမ်တစ်လုံးပျက်စီးသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရေကြီးရေလျှံဖြစ်ကာ ပျက်စီးသွားသော အောက်တောင်ပေါ်ကျေးရွာရှိ နေအိမ်သို့ မိုင်းကိုင်အုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သွားရောက်၍ လိုအပ်သည်များကိုကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဘွား(ဗန်းမောက်)


