လှည်းကူး ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက် ကူညီလုပ်ဆောင်ပေးနေသည့် "ကရုဏာရှင်" အခမဲ့ နာရေး ကူညီမှုအသင်းက မြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ပိုးသတ်ဆေးဖျန်းခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသင်းက လှည်းကူးမြို့ပေါ်ရှိ ပါရမီရိပ်သာရပ်ကွက်၊ ရွှေမြင့်မိုရ်လမ်း၊ သာသနာ့ရိပ်သာရပ်ကွက်၊ ရုံးဟောင်းလမ်း၊ ဆန်စက်ပိုင်းလမ်းနှင့် ပြည်တော်သာရပ်ကွက်၊ (၉)လမ်းတို့တွင် လမ်းမများနှင့် နေအိမ်အဆောက်အဦအချို့အား ပိုးသတ်ဆေးဖျန်းပေးခြင်း ဖြစ်ကြောင်းသိရသည်။

လတ်တစ်လောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုအခြေအနေအရ မိမိတို့ ရပ်ကွက် /လမ်းမ၊ လမ်းသွယ်များအတွင်း ပိုးသတ်ဆေးဖျန်းရန် လိုအပ်ပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး အဖွဲ့များမှ အဆိုပါအသင်းထံသို့တိုက်ရိုက်ဆက်သွယ်၍ အခမဲ့ အကူအညီတောင်းဆိုနိုင်ကြောင်း သိရသည်။

လှည်းကူး(ပြန်/ဆက်)

mdn