ကျိုက်ဒုံ ဇူလိုင် ၁၄

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ကိုဗစ်၁၉ ကူးစက်မြန်ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး အတွက် ကျိုက်ဒုံမြို့အဝင် ဟောင်သရောတံတားထိပ်ရှိ ကျန်းမာရေးစစ်ဆေးရေး ဂိတ်တွင်မြို့ အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များဖြင့် မြို့ဝင်မြို့ထွက်သွားလာသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်၁၉ကူးစက်ရောဂါ ဆိုင်ရာကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။

ပြည်ပနှင့် (Stayathome)မြို့နယ်များမှ မိမိဒေသတို့ပြန်လည်ဝင်ရောက်လာသူများအား ကျိုက်ဒုံမြို့ အမှတ်(၂)ရပ်ကွက်ရှိ တိံဿရာမစာသင်တိုက်၊ တောင်ပေါ်ကျောင်းတွင် (HomeQuarantine)ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ ရောဂါပို့တွေ့ရှိလာပါက ကျိုက်ဒုံမြို့တိုက်နယ်ဆေးရုံရှိ သီးသန့်လူနာဆောင်(သံဃာ့ဆောင်)တွင် ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ ကိုဗစ်၁၉ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ အသံချဲ့စက်များဖြင့် နေ့စဉ် လှည့်လည် အသိပညာပေးလှုပ်ရှားမှုများကို နှိုးဆော်ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျိုက်ဒုံမြို့ တိုက်နယ်ဆရာဝန်ထံမှ သိရသည်။

ကျိုက်ဒုံ(ပြန်/ဆက်)