ကန်းစ်ရုပ်ရှင်ပွဲတော်ကို တက်ရောက်ခဲ့တဲ့ ဘယ်လာဟာဒစ်

mdn

၁၅ ဇူလိုင်

 

ကျော်ကြားတဲ့ မော်ဒယ်လ်တစ်ဦးဖြစ်သူ ဘယ်လာ ဟာဒစ်ဟာ လတ်တလောမှာ ကျင်းပလျက်ရှိတဲ့ ကန်းစ်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို တက်ရောက်ခဲ့ပါတယ်။ အဆိုပါ ပွဲတော်မှာ ဘယ်လာဟာဒစ် ဝတ်ဆင်တက်ရောက်ခဲ့တဲ့ လှပတဲ့ဝတ်စုံတွေများစွာ အနက် တစ်စုံကတော့ အတော်လေး ထူးခြားနေခဲ့ပါတယ်။

 

ဘယ်လာဟာဒစ်က ကန်းစ်ရုပ်ရှင်ပွဲတော်ရက်အတွင်း ရွှေရောင်အဆုတ်ပုံလည်ဆွဲကြီးကို ဝတ်ဆင် တက်ရောက် ခဲ့ပြီး ယင်းဝတ်စုံတွေကြောင့် မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တာကိုလည်း တွေ့ရပါတယ်။

 

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ကန်းစ်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ပြီးခဲ့တဲ့နှစ်အတွင်း ကျင်းပနိုင်ခဲ့ခြင်း မရှိပါဘူး။ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက် ဖြစ်ပွားမှုတွေကြောင့် ပွဲတော်ကျင်းပမယ့်အချိန်ကို နှစ်ကြိမ်တိုင် ရွှေ့ဆိုင်းခဲ့ရပြီး ၂၀၂၁ ခုနှစ်အတွင်းမှာမှ ပြန်လည်ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ်ရဲ့ ရုပ်ရှင်ပွဲတော်ကို ဇူလိုင် ၆ ရက်မှ ၁၇ ရက်အထိ ပြင်သစ်နိုင်ငံ ကန်းစ်မြို့မှာကျင်းပလျက်ရှိ ပါတယ်။

အဆိုပါပွဲတော်ကို နာမည်ကျော် အနုပညာရှင် များစွာ တက်ရောက်ခဲ့ကြပြီး ကော်ဇောနီပေါ် လျှောက်လှမ်း ရာမှာလည်း ဖက်ရှင်ကျလှတဲ့ ပြင်ဆင်မှု တွေနဲ့အတူ ပွဲထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။  ယခုနှစ် အခမ်းအနား မှာတော့ တင်မိုးသီ ချဲလမက်၊ ဘယ်လာဟာဒစ်၊ မယ်ရီယန်ကိုတီယော့၊ ဂျိုဒီဖိုစတာ၊ စပိုက်ခ်လီစတဲ့ ကျော်ကြား တဲ့ အနုပညာ ရှင်တွေ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

 

အေးပြည့်