နေပြည်တော် ဇူလိုင် ၁၄
၂၀၂၁ ခုနှစ် နေပြည်တော်တွင် ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစား ပြိုင်ပွဲများဖြစ်သည့် တိုင်းဒေသကြီးနှင့်ပြည်နယ် U-21 (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ဇွန် ၂၄ ရက်မှ ဇူလိုင် ၉ ရက်အထိ လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် U–25 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၈ ရက်မှ သြဂုတ် ၁၁ ရက်အထိလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလေးမပြိုင်ပွဲကို သြဂုတ် ၂၆ ရက်မှ ၃၀ ရက်အထိလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှူးပြိုင်ပွဲကို စက်တင်ဘာ ၇ ရက်မှ ၉ ရက် အထိနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဖူဆယ်ပြိုင်ပွဲအား စက်တင်ဘာ ၁၇ ရက်မှ ၂၇ ရက်အထိ ကျင်းပရန် စီစဉ်ထားရှိသည်။
အဆိုပါ အားကစားပြိုင်ပွဲများအနက်မှ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၁)နှစ်အောက် အမျိုးသား(ဘောလုံး) ပြိုင်ပွဲကို ဇွန် ၂၄ ရက် မှ ဇူလိုင် ၉ ရက်အထိ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ကျန်ရှိသည့် အားကစားပြိုင်ပွဲများ ကို ယခုအခါ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုအခြေအနေများအရ ဒေသဖြတ်ကျော်သွားလာမှု အကန့်အသတ်များရှိနေပါ၍ ယခင်ကြေညာထားသည့်ရက်များအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများအား ဆက်လက်ကျင်းပနိုင်ခြင်းမရှိပါသဖြင့် ပွဲစဉ်များအား ယာယီရပ်ဆိုင်းထား ခြင်းဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲများအား ကျင်းပနိုင်မည့် အခြေအနေပေါ်မူတည်၍ ပြောင်းလဲကျင်းပမည့် ပြိုင်ပွဲအစီအစဉ်များနှင့် နေ့ရက်တို့ကို ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်