ာက်မဲ ဇူလိုင်  ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင်  ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ် စည်းကမ်းများနှင့် အညီ ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့သည့်ပျံကျဈေးများဖြစ်သည့် ဘူတာဈေးနှင့် အမှတ် ရပ်ကွက်ရှိ အခွန်လွတ်ဈေးတို့ကို ဇူလိုင် ၁၆ ရက်နေ့မှစ၍ ရက်သတ္တပတ် ပတ်ခန့်ယာယီပိတ်သိမ်း မည်ဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့ပေါ်တွင်ဈေးရောင်းချနေသည့် ဈေး ဈေးရှိပြီး ဗဟိုဈေးနှင့် မင်္ဂလာဈေး တို့ကို ဇူလိုင် ရက်နေ့ကတည်းက ပိတ်သိမ်းထားခဲ့ကာအခြေခံစားသောက်ကုန်များ ရောင်းချနေသော ပျံကျဈေးများ ဖြစ်သည့် ဘူတာဈေးနှင့်  အခွန်လွတ်ဈေး တို့ကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဌာန၏ သတ်မှတ်စည်းကမ်းများနှင့် အညီ ရောင်းချခွင့်ပြုခဲ့သည်။

ကျောက်မဲမြို့နယ်တွင်လတ်တလောကာလ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ များပြား လာ သောကြောင့် အဆိုပါ ရောင်းချခွင့်ပြုနေသည့် ပျံကျဈေး ဈေးကို ရက်သတ္တပတ် ပတ်ခန့်ယာယီပိတ်သိမ်းသွားရန်လျာထားပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု အခြေအနေ ပေါ်မူတည်၍ ပြန်လည်ဖွင့်လှစ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း  မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ အမှုဆောင်အရာရှိ ဦးစိုးနိုင်၏ ပြောကြားချက်အရသိရသည်။

အဆိုပါ ဈေးများပိတ်သိမ်းသော်လည်း  အသား၊ ငါး၊ ဟင်းသီးဟင်းရွက် အစရှိသည့် ဟင်းချက်စရာများကို ရပ်ကွက်များအတွင်း လှည့်လည်ရောင်းချနေသည့် မိုဘိုင်းဈေးသည်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် ဇွန်လ ၂၂ ရက်နေ့မှ  ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာပေါင်း ၂၀၁ ဦး၊ သေဆုံးသူ ဦး၊ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၆၂ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)