ရွှေသောင်ယံ ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုနှုန်းလျှော့ချနိုင်ရန်အတွက် လူဝင်လူထွက်စစ်ဆေးရေးဂိတ်ကို ဇူလိုင် ၁၄ ရက် နံနက်ပိုင်းမှစတင်၍ ရွှေသောင်ယံမြို့ တံတားထိပ်၌ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ရွှေသောင်ယံမြို့ဌာနဆိုင်ရာများ၊ ရွှေသောင်ယံနယ်မြေတပ်စခန်းမှ ဗိုလ်ကြီးနှင့် တပ်မတော်သားများ၊ ရွှေသောင်ယံနယ်မြေရဲစခန်းမှ စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်ကြပြီး ခရီးသွားပြည်သူများကို ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်သွားလာရန်၊ အပြင်ထွက်သွားလာသည့်အခါ နေအိမ်ပြင်ပ ထွက်ခွာခွင့်ကတ်များကို ယူဆောင်သွားလာရန်၊ အထူးသဖြင့် ကူးစက်ရောဂါကို ဝိုင်းဝန်းကာကွယ်နိုင်ရန်အတွက် အရေးတစ်ကြီးလိုအပ်မှသာ အိမ်ပြင်ထွက်ပြီး ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်သွားလာရန် မှာကြားလျက်ရှိကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)



