အောင်လံ ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ အသိပညာပေးနှိုးဆော် ဆောင်ရွက် ခြင်းကို ယမန်နေ့ ညနေ(၅)နာရီက မြို့နယ်အဆင့်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရှိပြည်သူလူထုများ သိရှိနိုင်စေရန် လှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်ရွက်မှုတွင် မြို့နယ်အဆင့်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ(၂၅၉)ဦး၊ သေဆုံးသူဦးရ (၆)ဦးအထိ ရှိခဲ့ပြီး အောင်လံမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ(၃၅)ခုသို့ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်၊ နေအိမ်အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း Mask များကို မဖြစ်မနေစနစ်တကျ တပ်ဆင်ခြင်း၊ လက်ကိုမကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ခြင်းတို့ကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်၊ ရောဂါသံသယလက္ခဏာ ပေါ်ပေါက်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသခံယူရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကိုဗစ်-၁၉ ရောဂါကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့် လမ်းညွှန်ချက်နှင့်အညီ နေထိုင်သွားလာနိုင်ရေး တို့ကို အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)


