ပဲခူး   ဇူလိုင်   ၁၅

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ဦးဆောင်စီစဉ်မှုဖြင့် ယနေ့ နံနက် ၉ နာရီက ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ အင်္ဂလန်နိုင်ငံထုတ် ကျပ်သိန်း (၃၅၀၀)တန် Oxygen Plant စက်သစ်ကြီး ရောက်ရှိလာပြီဖြစ်ပြီး (၂)ရက်အတွင်း အပြီးတပ်ဆင်သွားမည်ဖြစ်ကာ မကြာမီရက်ပိုင်း အတွင်း အောက်ဆီဂျင်များ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ  Oxygen Plant စက်သစ်ကြီးသည် တစ်ရက်လျှင် (၄၀)လီတာအိုး အလုံး(၆၀)ခန့် ထွက်ရှိ မည်ဖြစ်ကြောင်းနှင့် ခရိုင်မြို့ကြီးများဖြစ်သော သာယာဝတီမြို့၊ တောင်ငူမြို့တို့တွင်လည်း Oxygen Plant စက်သစ်ကြီးများ တပ်ဆင်နိုင်ရေး မှာယူထားပြီးဖြစ်ကြောင်း သိရသည်။

တင်စိုး(ပဲခူး)

mdn