ပင်းတယ   ဇူလိုင်   ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ပန်းထိန်မနိုင် (ပန်းထိန်ငို) ပန်းများ စီးပွားဖြစ်စိုက်ပျိုးကြပြီးယခုအချိန်တွင် ပန်းထိန်ငိုပန်းများ လှိုင်လှိုင်ထွက်ရှိလျက်ရှိသည်။

ပန်းထိမ်ငိုပန်း စိုက်တောင်သူ မမီမီခိုင်က အရင်နှစ် ပန်းထိမ်ငိုပန်းက တစ်ခက် တစ်ရာကျပ်နှုန်းရပြီး (၁၀)ခက်စည်းတစ်စည်းလျင် ၁၀၀၀ ကျပ်ရတယ်။ ယခုနှစ် ဝါဆိုလ ပန်းထိမ်ငိုပန်းသည် တစ်ခက် ၅၀ ကျပ်သာ ရှိတယ်။ (၁၀)ခက်စည်း တစ်စည်းကို ၅၀၀ ကျပ်ပဲ ရောင်းရတယ်ဟု ပြောသည်။

ပန်းထိမ်ငိုပန်းသည် ဝါဆိုလမှ တော်သလင်းလအထိ ()လကြာ ခူးဆွတ်၍ရောင်းရကြောင်း၊ ပန်းထိမ်ငိုပန်းအမျိုးအစားမှာ ဥပွားအမျိုးအစားဖြစ်ပြီး တစ်ဥတွင် အပင်ပွား ၁၅ ပင်မှ ၂၀ ပင်ထိ ရှိကြောင်း၊ ပန်းများအားလုံး ခူးဆွတ်ပြီး သီတင်းကျွတ်လတွင်ခူးဆွတ်သည့် အပင်များ ကုန်သွားပါက မြေကြီးထဲတွင် ဥများကို ဆက်လက်ထားရှိကာ နောင်လာမည့်နှစ်အတွက် ပန်းမျိုးဥအဖြစ် ထားရှိကြ သည်။ ပန်းထိမ်ငိုပန်းမျိုးဥများကို ရောင်းချမည်ဆိုပါက မျိုးဥတစ်ပိဿာလျှင် ၁၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ရခြင်း၊ စီးပွားဖြစ်စိုက်ပျိုး၍ရခြင်းတို့ကြောင့် မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရသောကြောင့် စိုက်ပျိုးရန် အလွန်သင့်တော် ကြောင်း ပန်းစိုက်တောင်သူများက ပြောသည်။

မိုးမိုးထွေး