အိမ်မဲ ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ပြည်သူများအတွက်လိုအပ်လျက်ရှိသော အောက်စီဂျင်ထုတ် စက်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများကို အိမ်မဲမြို့နယ်မှ အလှူရှင်မိသားစုမှ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင်လိုအပ်လျက်ရှိသော အောက်စီဂျင်ကို ပေးလှူနိုင်ရန်အတွက် ငွေကျပ်သိန်း၈၅၀ ခန့်တန်ဖိုးရှိ အောက်စီဂျင်ထုတ်စက်တစ်လုံး၊ ၄၀လီတာအောက်စီဂျင်အိုးအလုံး(၄၀)တို့ကို ကွယ်လွန်သွားကြပြီဖြစ်သော အဖွားဒေါ်ရင်းထော်၊ ဖခင်ကြီး ဦးအန်လူ + မိခင်ကြီး ဒေါ်စန်းကြည်သား ဦးအီချောင်းတို့အား ရည်စူးပြီး ကျန်ရစ်သူသားသမီးများဖြစ်ကြသော ဦးအီကျင်+ဒေါ်မာမာဆွေ ၊ ဦးအီရန်း+ဒေါ်ခင်စန်း၊ ဦးအီရုံး+ဒေါ်စန်းမြင့်၊ ဦးသိန်းလွင်+ ဒေါ်ကျင်စွမ်၊ ဦးချစ်လွင်+ဒေါ်ကြည်ကြည်အေး၊ ဦးဟန်လင်းထက်+ဒေါ်ကြွယ်ကြွယ် နှင့် မြေးမြစ်တို့မှ လှူဒါန်းပေးသွာမည်ဖြစ်ကြောင်း သိရသည်။
အောက်စီဂျင်ထုတ်စက် တပ်ဆင်ပြီးစီးသွားပါက တစ်နာရီလျှင် အောက်စီဂျင်အိုး(၄)လုံး ထုတ်ယူနိုင်ပြီး(၂၄)နာရီလျှင် အောက်စီဂျင်းအိုး(၁၀၀)ကျော်ထုတ်ယူနိုင်မှာ ဖြစ်ကြောင်းလည်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)


