လှိုင်းဘွဲ  ၁၆ ဇူလိုင်

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ အထူးဒေသတွင် ဒေသနေ ကိုယ်ဝန်ဆောင် မိခင်များ ကျန်းမာရေးအသိပညာ ဗဟုသုတရရှိစေရန်နှင့်  ကူးစက်ရောဂါတို့မှ    ကင်းဝေးစေရန် ရည်ရွယ်၍ ယမန်နေ့က မြိုင်ကြီးငူအထူးဒေသ ကျန်းမာရေးဌာနတွင်  ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှု အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

mdn

အဆိုပါဆောင်ရွက်ရာတွင် မြိုင်ကြီးငူအထူးဒေသ ကျန်းမာရေးဌာန ဆရာမများက ကိုယ်ဝန်ဆောင် မိခင်များအား ကိုယ်ဝန်စောင့်ရှောက်မှုကို စနစ်တကျခံယူရန်၊ အစာအာဟာရ ရရှိစေမည့် အစားအစာများကို မျှတပြည့်ဝစွာစားသုံးရန်၊ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးနှင့်ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန်အချက်များကို အသိပညာပေးဆောင်ရွက်ခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင် ကာကွယ်ဆေးများ ထိုးပေးခြင်း၊ သံချဆေးတိုက်ကျွေးပေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်းနှင့် လိုအပ်သောကျန်းများရေး စောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)