ဘီးလင်း   ဇူလိုင်   ၁၆

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ရေပေးရေး တွင်းနက် တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် မရမ်းကုန်းကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာတွင် စက်ရေတွင်းတူးဖော်နိုင်ရေး မြေအောက်ရေအောင်းလွှာတည်ရှိမည့်နေရာ Geophysical Survey (GP) တိုင်းတာခြင်းလုပ်ငန်းကို ဇူလိုင် ၁၅ ရက်က ဘီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းထောစံနှင့် တာဝန်ရှိဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

မြေအောက်ရေတူးဖော်ရာတွင် Geophysical Survey (GP Survey) တိုင်းတာနည်းကို အသုံးပြုခြင်းဖြင့် ထိရောက် အကျိုးရှိသော စက်ရေတွင်းများတူးဖော်နိုင်ပြီး ကျေးလက်နေပြည်သူများ နွေရာသီရေရှားပါးပြဿနာများကို ဖြေရှင်းပေးနိုင်ပြီး သောက်သုံးရေ လုံလောက်စွာ သုံးစွဲနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်