ပင်လောင်း ဇူလိုင် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အထောက်အကူပစ္စည်းများနှင် အလှူငွေများကို ယနေ့ နံနက်ပိုင်းတွင် အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ပင်လောင်းမြို့နယ် သမဝါယမနှင့် အမှုထမ်းပေါင်းစုံ ငွေစုငွေချေးအသင်းမှ ငွေကျပ် ၁၀ သိန်းတန်ဖိုးရှိ ECG စက်တစ်လုံး၊ မင်္ဂလာကွက်သစ်ရပ်ကွက်နေ ဦးစိုင်းကျော်စိန်+ဒေါ်ငြိမ်းခင် နဝရတ်ရွှေဆိုင် မိသားစုမှ ငွေကျပ် ငါးသိန်းတန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး အထောက်အကူပြုပစ္စည်းများ၊ အမှတ်(၄) စစ်အခြေခံလေ့ကျင့်ရေးတပ်မှ နွားနို့နှင့် ကြက်ဥ၊ အောက်စီဂျင်စက်ဝယ်ယူရန် အလှူရှင်များ ဖြစ်သည့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်နိုင်+ဒေါ်ငြိမ်းမြင့်မာအောင် မိသားစု ငွေကျပ် သုံးသိန်း၊ ပင်လောင်းမြို့ အနောက်ရပ်ကွက်နေ မငဲကြီးမိသားစု ငွေကျပ် နှစ်သိန်း၊ ဒေါ်ဆွေဆွေဝင်း (ဝိုင်းဝိုင်းလည်မိုတယ်)မိသားစု ငွေကျပ် တစ်သိန်းနှင့် ငွေကျပ် ၅၀၀၀၀ တန်ဖိုးရှိ လက်သန့်ဆေးရည်၊ အောင်ရင်ရင်(စားသောက်ဆိုင်)မိသားစု ငွေကျပ် နှစ်သိန်း၊ တောင်ကြီးမြို့နေ ဦးခွန်ထွန်းလှ+ဒေါ်နန်းလောဝ် ခမ်းမိသားစု ငွေကျပ် သုံးသိန်းကို ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


