ဖယ်ခုံ  ဇူလိုင် ၁၆

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမတွင် ကျင်းပသည်။

 

အခမ်းအနားတွင် အလှူရှင်များကိုယ်စား မြို့နယ်သံဃနာယကအဖွဲ့၀င်၊ လကျီနွဲ့ကျေးရွာ ထေရဝါဒ ဗုဒ္ဓသာသနာပြုဌာန ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသောဘိတမှ လှူဒါန်းမှုနှင့် ပတ်သက်၍ သြဝါဒစကား ချီးမြှင့်ဟောကြားသည်။

 

အလှူငွေပေးအပ်ပွဲတွင် လကျီနွဲ့ကျေးရွာ ထေရဝါဒဗုဒ္ဓသာသနာပြုဌာန ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောဘိတမှ အလှူငွေကျပ် ၁၀ သိန်း၊ ကဟန့်ကျေးရွာ ထေရဝါဒဗုဒ္ဓသာသနာပြုဌာန ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဣန္ဒကသာရမှ အလှူငွေကျပ် ၁၀ သိန်း၊ လကျီနွဲ့ကျေးရွာနေ ဦးမောင်၀င်း+ ဒေါ်မူယာ မိသားစုမှ အလှူငွေကျပ် ၁၀ သိန်းနှင့် တစ်ခါသုံးဖော့ဘူး အလုံး ၅၀၀၊  စုစုပေါင်း ငွေကျပ် သိန်း ၃၀ နှင့် တစ်ခါသုံးဖော့ဘူး အလုံး ၅၀၀ တို့ကို  တာ၀န်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(ဖယ်ခုံ ပြန်/ဆက်)