နတ်တလင်း ဇူလိုင် ၁၇

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် တာပွန်မြို့တွင် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားနေသော ကာလအတွင်း ပြည်သူများ စားဝတ်နေရေးအဆင် ပြေစေရန် စေတနာရှင် ပြည်သူများမှ ယနေ့နံနက် ၇ နာရီက ဟင်းသီးဟင်းရွက်မျိုးစုံ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါလှူဒါန်းရာတွင် တာပွန်မြို့တက်နေမင်းလမ်း၊ ဆေးရုံလမ်း၊ စျေးနောက်လမ်း၊ စာတိုက်လမ်း၊ စိန်တန်းလမ်းနှင့် ကံဦးကျောင်းလမ်းအတွင်းရှိ ပြည်သူများ၏ နေအိမ်ရှေ့အရောက် ခရမ်းသီး၊ ချဉ်ပေါင်ရွက်၊ ပဲသီး၊ ငရုတ်သီးစိမ်း၊ ရုံးတီသီး၊ သခွားသီး၊ ပဲစောင်းခါးသီး စသည့် ဟင်းသီးဟင်းရွက် မျိုးစုံကို အလှူရှင်များကိုယ်စား တာပွန်မြို့ ပရဟိတ သာရေးနာရေး ကူညီမှုအသင်းကြီးက လှူဒါန်းပေးခဲ့ကြောင်းနှင့် နောက်ရက်များတွင်လည်း တာပွန်မြို့အတွင်း ကျန်ရှိသောလမ်းများကို ဆက်လက်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထားထားဦး