ဂန့်ဂေါ ဇူလိုင် ၁၇

 

ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းအတွက် လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်များ ထုတ်လုပ်နိုင်ရေး စက်ရုံဆာက်လုပ်ခြင်း လုပ်ငန်းကို ဂန့်ဂေါမြို့ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေး ကော်မတီက လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်သည်။

 

အဆိုပါစက်ရုံကို ဂန့်ဂေါမြို့ ရွှေပြည်ဆိပ်ဦးစေတီတော် ပုရိဝဏ်အနီးတွင် ဆောက်လုပ်မည်ဖြစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌတို့က ဇူလိုင် ၁၆ ရက်က ပန္နက်တင်ပေးကြပြီး ဖောင်ဒေရှင်း တူးဖော်ခြင်းလုပ်ငန်းနှင့် ပန်းရံလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။

 

အောက်ဆီဂျင်စက်ရုံမှာ ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ခြင်းဖြစ်ကာ အရပ်ရပ်အလှူငွေ ကျပ်သိန်း ၆၀၀ ကျော် ရရှိနေပြီဖြစ်ကြောင်းနှင့် ခန့်မှန်းတွက်ချက်မှု ကျပ်သိန်း ၁၅၀၀ ခန့်ကုန်ကျမှုရှိနိုင်ကြောင်း သိရသည်။

 

စိန်ကျော်