ကွင်းလယ်ကစားသမား ဖီလစ်ပီအန်ဒါဆင် ဝက်စ်ဟမ်းအသင်းမှ လာဇီယိုအသင်းသို့ ပြန်လည်ပြောင်းရွှေ့

ကွင်းလယ်ကစားသမား ဖီးလစ်ပီအန်ဒါဆင်ဟာ ဝက်စ်ဟမ်းအသင်းကနေ လာဇီယိုအသင်းဆီ ပြန်လည် ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိ ဘရာဇီးကွင်းလယ်ကစားသမား ဖိလစ်ပီအန်ဒါဆင် ဟာ ၂၀၁၈ ခုနှစ်အတွင်းက အီတလီစီးရီးအေကလပ် လာဇီယိုအသင်းကနေ ပြောင်းရွှေ့ကြေးပေါင် ၃၆ သန်းနဲ့ ပရီမီယာလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား ဖီးလစ်ပီအန်ဒါဆင်ဟာ ၂၀၁၈ ခုနှစ်အတွင်းက ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ကြေးပေါင် ၃၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံး ရာသီအတွင်းက နည်းပြဒေးဗစ်မိုယက်စ်ရဲ့ ဝက်စ်ဟမ်းအသင်းနဲ့အတူ ၇၃ ပွဲအထိ ပါဝင်ကစားပေးခဲ့ကာ သွင်းဂိုး ၁၂ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား ဖီးလစ်၊ ပီအန်ဒါဆင်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီကတော့ ပေါ်တိုအသင်းမှာ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပေါ်တိုအသင်းမှာ အငှားစာချုပ်နဲ့ သွားရောက်ကစား ခဲ့စဉ်မှာ ပြိုင်ပွဲ အရပ်ရပ်မှာ ပွဲစဉ်စုစုပေါင်း ၁၀ ပွဲသာ ပွဲထွက်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား ဖီးလစ်ပီ အန်ဒါဆင်ဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ လာဇီယို အသင်းနဲ့အတူ ပါဝင်ပွဲထွက်ကစားခဲ့ရာမှာ ပွဲစဉ်စုစုပေါင်း ၁၇၇ ပွဲပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုးစုစုပေါင်း ၃၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ငွေကြယ်