ပြင်ဦးလွင် ဇူလိုင် ၁၈

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ အင်းပုတ်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆဋ္ဌမအကြိမ် ချေးငွေထုတ်ချေးပေးခြင်းကို ဇူလိုလ တတိယပတ်က အဆိုပါကျေးရွာ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အညီ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် အင်းပုတ်ကျေးရွာမှ မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီနှင့်အတူ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ် ၃၉၄ သိန်းကို အသင်းသူ၊ အသင်းသား ၁၃၁ ဦး၏ ဆောင်ရွက်လိုသည့်လုပ်ငန်း အမျိုးအစားအလိုက် နေ့ချင်းဆပ်၊ နေ့ချင်းထုတ်စနစ်ဖြင့် ထုတ်ချေးပေးခဲ့သည်။

 

အခမ်းအနားသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထိုက်နှင့် တာဝန်ခံ ဝန်ထမ်းများ၊ အင်းပုတ်ကျေးရွာမှ မြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှု ကော်မတီနှင့် အသင်းသူ၊ အသင်းသားများ တက်ရောက်ကြကြောင်း သိသည်။

 

မင်းမြင့်မိုရ်(ကျေးလက်)