ငဖဲ ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သုံးစွဲနိုင်ရန်အတွက် အလှူငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက လာရောက်လှူဒါန်းလျက်ရှိရာ ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက မြို့နယ်တောင်တန်းသာသနာပြု ဂိလာနုရက္ခိတအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီသို့ အလှူငွေကျပ် သုံးသိန်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လာရောက်လှူဒါန်းသည်။
လာရောက်လှူဒါန်းရာတွင် ငဖဲမြို့နယ် တောင်တန်းသာသနာပြု ဂိလာနုရက္ခိတအဖွဲ့မှ အောင်နန်းမြေကျောင်းဆရာတော် ဘဒ္ဒန္တသုမန၊ ဇင်ပြွန်းဆရာတော် ဘဒ္ဒန္တသောဘိတ၊ ဂုတ်ကြီးဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဘဒ္ဒန္တဇောတိက၊ မြရတနာကန်ဦးကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တစန္ဒဝံသ နှင့် အတွင်းရေးမှူး အောင်ပင်လယ်ဆရာတော် ဘဒ္ဒန္တပါရင်္ဂတနှင့် ဆရာတော်များကြွရောက်တော်မူပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေကျပ် သုံးသိန်းကို ပေးအပ်လှူဒါန်းရာ ငဖဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်းလှိုင်နှင့်အဖွဲ့ဝင်များက လက်ခံရယူပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို တင်ပြလျှောက်ထားခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)


