အမ်း     ဇူလိုင်   ၁၈

 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အောက်ဆီဂျင် ၄၀ လီ တာဆံ့ ၄၇ လုံး၊ နွားနို့၊ ကြက်ဥ၊ ဘီစကွတ်မုန့်တို့ကို ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

လှူဒါန်းရာတွင် အောက်ဆီဂျင် ၄၀ လီတာဆံ့ ၄၇လုံးနှင့်အတူ အဟာရပြည့်ဖြစ်စေမည့် နွားနို့၊ ကြက်ဥ၊ ဘီစကွတ်မုန့်များကို အမ်းမြို့နယ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်မင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး ရွှေအမ်းတောင်ခန်းမရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများထားရှိမည့်နေရာအား ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

 

စိုးမင်းထွန်း(ပြန်/ဆက်)