မိုးညှင်း ဇူလိုင် ၁၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆိုင်းရာရွာသစ်ကျေးရွာအနီး မနောကွင်း အနောက်ဘက် တစ်သုံးလုံးကျောက်မျက်တူးဖော်ရေးကုမ္ပဏီပိုင် လုပ်ကွက်ဟောင်း မြေစာပုံအဟောင်း၌ ဇူလိုင် ၁၇ ရက် နံနက်ပိုင်းက ရေမဆေးကျောက်ရှာဖွေသူ အမျိုးသားတစ်ဦး မြေစာပိသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လုံးခင်းကျေးရွာ၊ ရပ်ကွက်(၅)နေ ဦးဇော်လီ(၄၂)နှစ်သည် တစ်ဦးတည်း တစ်သုံးလုံး ကျောက်မျက်တူးဖော်ရေးကုမ္ပဏီပိုင် လုပ်ကွက်ဟောင်း မြေစာပုံအဟောင်း မျောချောင်းအတွင်း၌ ရေမဆေးကျောက်ရှာဖွေနေစဉ် အမြင့်ပေ ၄၀ ခန့်မှ မြေစာများ ရုတ်တရက်ပြိုကျလာပြီး မြေစာများပိမိ၍ ၎င်းနေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။
မိုးညှင်း(ပြန်/ဆက်)


