ပုဗ္ဗသီရိ၊ ဇူလိုင် ၁၉
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်၊ ကုတင်-၃၀၀တွင် Liquid အောက်စီဂျင်တန်(၂၀)ရှိ တစ်နေ့လျှင်အောက်စီဂျင် (၄၀)လီတာအိုး (၁၄၀၀) ဖြည့်တင်းပေးနိုင် သည့် အောက်စီဂျင်စက်ရုံ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါအောက်စီဂျင်စက်ရုံကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့-၄မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်းက ကြီးကြပ်၍ ဆောက်လုပ် လျက်ရှိရာ အောက်ဆီဂျင် စက်ရုံတည်ဆောက်ရေးပစ္စည်းများ ၉၀ ရာခိုင်နှုန်း ရောက်ရှိနေပြီး အဆောက်အဦမှာ ၅၅ ရာခိုင်နှုန်း တည်ဆောက် ပြီးစီးပြီဖြစ်သည်။
စက်ရုံပြီးစီးပါက နေပြည်တော်အတွင်းရှိ မြို့နယ်များအပြင် အောက်ဆီဂျင် လိုအပ်သောနေရာများသို့ ဖြန့်ဖြူးသွားနိုင်မှာဖြစ်ကြောင်းနှင့် အောက်ဆီဂျင်စက်ရုံအားတစ်လအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း နေပြည်တော် လမ်းဦးစီးဌာနညွှန်ကြားရေးမှူးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)


