လိပ်သို ဇူလိုင် ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ အသိပညာဗဟု သုတရရှိစေရန်ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ (၇၄) နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး အကြောင်းအရာများကို ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၉ နာရီအချိန်က ပြသထားကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်ပြဘုတ်တွင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ မှတ်တမ်းဓာတ်ပုံများ၊ (၁၉) ဇူလိုင် မမေ့နိုင် ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အာဇာနည်ခေါင်းဆောင်ကြီး များနှင့်ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများ၊ ဓာတ်ပုံပိုစတာများ စသည့် အသိပညာပေး သိကောင်းစရာများ ကိုပြသထားကြောင်း သိရသည်။
ထို့ပြင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နံရံကပ်စာစောင်များ အသိ ပညာပေး ပိုစတာတို့ကို ပြည်သူများ သိရှိစေရေး ပြသထားကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)


