mdn

ငဖဲ ဇူလိုင် ၁၉

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ယုယုသိန်း ဦးဆောင်သောဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတိုင်းကျိုးပြုပြုဆောင်ရွက်ချက်များ၊ကျောင်းနေအရွယ်ကလေးများ ပညာသင် ကြားနိုင်ရေးဆောင်ရွက်ချက်များနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကြိုးပမ်းဆောင်ရွက် နေမှုများအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ထုတ်ဝေသည့် အသိပညာပေးလက်ကမ်း စာစောင်(၃)မျိုးကို ယနေ့နံနက် ၈နာရီက ဌာနဆိုင်ရာရုံးများ နှင့် မြို့ဝင်ဂိတ် တို့တွင် အခမဲ့လိုက်လံ ဖြန့်ဝေပေးခဲ့သည်။

 

အဆိုပါလက်ကမ်းစာစောင်(၃)မျိုးတွင် ကျန်းမာရေးဝန်ထမ်းများ၏ CDM လှုပ်ရှားမှုကြောင့် အခက်အခဲဖြစ်နေသော ပြည်သူများအတွက် တပ်မတော်မှ ကူညီဆောင်ရွက်ပေးနေမှုများ၊အနာဂတ် ကောင်းဖို့ ကျောင်းပြန်တက်ကြစို့ နှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်မှုမှတ်တမ်းများ၊ဓါတ်ပုံများ၊အသိပညာပေးအချက်အလက်များ နှင့်ဆောင်ပုဒ်များပါဝင်ပြီး မြို့နယ်ပြန်/ဆက်ဦးစီးမှူးနှင့်ဝန်ထမ်းများက ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ခရီးသွားပြည်သူများ လေ့လာဖတ်ရှုနိုင်ရေး အခမဲ့လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

 

မယု(ငဖဲ)