တနင်္သာရီ ဇူလိုင် ၂၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံတွင် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါ ဓါတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် အခြားအရေးပေါ်လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တနင်္သာရီမြို့နယ်၊ တမုတ်ချုန်းကျေးရွာအုပ်စု၊ ရေဖြူကျေးရွာအခြေစိုက် အမှတ်(၁)စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးလှမော်ဦးနှင့်အဖွဲ့၊ မြိတ်မြို့နေ ရတနာမိုးပြည့်ထွန်းကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကျော်မြင့်+ဒေါ်အိအိလင်း မိသားစုတို့က မာမားခေါက်ဆွဲ(၁၂၀)ထုပ်၊ ကြက်ဥ(၁၂၀)လုံး၊ မာမားခေါက်ဆွဲ (၁၀)ပါကင်၊ ကွေကာအုပ်အထုပ်ကြီး(၂၀)ထုပ်၊ Hand Gel ဗူးကြီး(၃)ဗူး၊  Mask (၅၀)ဗူးနှင့် ကိုဗစ် ရောဂါပိုးကူးစက်ခံနေရ၍ ကုသမှုခံယူနေသည့်လူနာများအား ကျွေးမွေးရန်အတွက် အလှူငွေ ကျပ်(၂)သိန်းကို လှူဒါန်းပေးအပ်ရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအေးနိုင်နှင့် မြို့နယ်ဆရာဝန်ကြီးဒေါက်တာအောင်သိုက်ထွန်းတို့က လက်ခံရယူပြီး မြို့နယ်ဆရာဝန်ကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ကြောင်းသိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)

mdn