ငါးသိုင်းချောင်း ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တိုက်နယ်ပြည်သူ့ဆေးရုံ Quarantineတွင် မြို့နယ်အတွင်းရှိ ကိုဗစ်၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိလူနာ(၄၂)ဦး တက်ရောက်ဆေးကုသမှုခံယူလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံ့သော စားသောက်စရိတ်များကို ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများက ပြည်သူ့ဆေးရုံရှိသက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ထပ်ဆင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစားသောက်စရိတ်ထောက်ပံ့မှုတွင် ဆေးရုံရှိ ကိုဗစ်-၁၉ရောဂါပိုးအတည်ပြုလူနာ (၄၂)ဦးအတွက် ယနေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့အထိ လူနာတစ်ဦး၊ တစ်ရက်လျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် (၁၀)ရက်စာ ပေးအပ်လှူဒါန်းကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)


