မုဒုံ ဇူလိုင် ၂၀
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းလာမှုကြောင့် နှီးပဒေါကျေးရွာနှင့် ရောင်းဒေါင်းကျေးရွာကြား မော်လမြိုင်-သံဖြူဇရပ်ကားလမ်းမကြီး မိုင်တိုင်အမှတ်(၃၄/၁) နှင့် (၃၄/၂)ကြားတွင် ယနေ့နံနက်ပိုင်းက ကား
လမ်းရေကျော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကားလမ်းမကြီးနေရာသည် နှစ်စဉ် မိုးရာသီတွင် ကားလမ်းရေကျော်မှုဖြစ်ပွားလေ့ရှိရာ ယနေ့နံနက်ပိုင်းအချိန်တွင် ကားလမ်းမကြီးပေါ်သို့ တစ်ပေခွဲခန့် လမ်းရေကျော်မှုဖြစ်ပွားပြီး လမ်းသွားလမ်းလာပြည်သူများ ဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရေးအတွက် မုဒုံမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးစောစိုးစိုးမြင့်နှင့်မီးသတ် တပ်ဖွဲ့ဝင် (၄)ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများတို့က ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းယနေ့ မုဒုံမြို့နယ်တွင် မိုးရေချိန်လက်မ ၄ ဒသမ ၀၉ ရှိကြောင်း မုဒုံမြို့နယ် မိုးလေဝသနှင့်ဇလဗေဒစခန်းမှ သိရှိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


