ဗန်းမော် ဇူလိုင် ၂၁
ကချင်ပြည်နယ်ဗန်းမော်ခရိုင်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများအတွက် အသုံးပြုနိုင်ရန် အဓိကလိုအပ်သည့် Oxygin စက်တစ်လုံးနှင့်Oxygin (40 L)ဆံ့အိုး အလုံး ၄၀၀ နှင့် ဆက်စပ်ပစ္စည်းများ တရုတ်နိုင်ငံ ခွေးမင်မြို့မှ ဗန်းမော်မြို့သို့ ဇူလိုင်၂၀ ရက် နေ့တွင် ရောက်ရှိခဲ့ကြောင်း OK Group မှ သိရသည်။
အဆိုပါ Oxigin စက်တစ်စုံနှင့် ဆက်စပ်ပစ္စည်းများကို ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ မန်စီ၊ ရွေကူ မြို့နယ်များအတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ အသုံးပြုရန်အတွက် ပရဟိတအကျိုးဆောင်အဖွဲ့ OK Group က ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ Oxygin စက်ရုံကို ဗန်းမော်မြို့ ၃ မိုင် ရွှေပြည်သာ ရပ်ကွက်တွင်ပြုလုပ်၍ ဇူလိုင် ၂၁ ရက်နေ့တွင် စက်ပစ္စည်းများ တပ်ဆင်ရန်စီစဉ် ဆောင်ရွက်လျှက်ရှိသည်။ တစ်ရက်ကို ၄၀ လီတာအိုး ၁၀၀ မှ ၁၂၀ အထိ ထုတ်လုပ်နိုင်သည့်စက်ဖြစ်၍ ဗီဇပြောင်း ကိုဗစ်-၁၉ တတိယလှိုင်းတွင် ပိုးတွေ့လူနာများအား အခမဲ့ကူညီ လှူဒါန်းပေးမည်ဖြစ်သည်။
ဗန်းမော်ခရိုင်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်တက်လာခဲ့ရာ ဇူလိုင် ၂၀ ရက်နေ့ ည (၁၀)နာရီအထိ ပိုးတွေ့လူနာများမှာ ဗန်းမော်မြို့တွင် ၄၇၁ ဉီး ၊ မန်စီမြို့နယ်တွင် ၉၅ ဉီး၊ မိုးမောက်မြို့နယ်တွင် ၁၆၂ ဉီး၊ ရွှေကူ မြို့တွင် ၄၁၆ ဉီး စုစုပေါင်း ၁၁၄ ဉီးရှိပြီး သေဆုံးသူ စုစုပေါင်း ၂၁ ဉီးအထိ ရှိသည်။
ကိုဗစ်-၁၉ ပိုးတွေ့လူနာများ Oxygin အဓိက လိုအပ်နေသည့်ချိန်တွင် ယခုကဲ့သို့ Oxygin များ အခမဲ့ လှူဒါန်းပေးမည်ဖြစ်၍ ပြည်သူများက ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိနေကြသည်။
ဆီမီးခုံ-နန်းရီ


